ကိုရီးယားအခြေစိုက်
Hanjin Shipping က စင်ကာပူ - ရန်ကုန် -ပို့ကလန် (မလေးရှား) တိုက်ရိုက်
ကွန်တိန်နာတင် သင်္ဘောကို စတင် ပြေးဆွဲပေးနေ ပြီ ဖြစ်ကြောင်း Hanjin Shipping
၏ မြန်မာပြည်အေးဂျင့် Myanmar Shipping Services မှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
“အဓိကက Hanjin Shipping ကWorldwide ပြေးဆွဲနေတဲ့လိုင်း
ဖြစ်ပြီးတော့ အခုလိုင်းကို ပြေးဆွဲပေးတာက Service Network ချဲ့တဲ့
သဘောပါပဲ။ အရင်တုန်းက အဲဒီ ရေကြောင်းလိုင်းကို ကိုယ်တိုင် ကွန်တိန်နာလိုင်း မရှိခဲ့တဲ့ အတွက်ကြောင့် အခုအခါမှာတော့ Own Services အနေနဲ့ ပြေးဆွဲတာပါ” ဟု ၎င်းက ပြောကြားသည်။
Singapore - Yangon - Port Kelang Own Services ကို
အောက်တိုဘာလ ၂၀ ရက်တွင် စတင် ပြေးဆွဲခြင်းဖြစ်ကြောင်း၊ Myanmar Shipping Service သည် ၁၉၉၉ ခုနှစ် သြဂုတ်လ ၁၂ ရက်မှစ၍ Hanjin shipping ၏ အေးဂျင့်အနေဖြင့် စတင် ဆောင်ရွက်ခဲ့ကြောင်း၊ Hanjin Shipping Lineသည် ကိုရီးယားနိုင်ငံတွင်အကြီးဆုံးနှင့် Container Carrier တွင် Top Ten စာရင်းဝင်သည့် Shipping Line တစ်ခုဖြစ်ကြောင်း သိရသည်။
ဖြစ်ပြီးတော့ အခုလိုင်းကို ပြေးဆွဲပေးတာက Service Network ချဲ့တဲ့
သဘောပါပဲ။ အရင်တုန်းက အဲဒီ ရေကြောင်းလိုင်းကို ကိုယ်တိုင် ကွန်တိန်နာလိုင်း မရှိခဲ့တဲ့ အတွက်ကြောင့် အခုအခါမှာတော့ Own Services အနေနဲ့ ပြေးဆွဲတာပါ” ဟု ၎င်းက ပြောကြားသည်။
Singapore - Yangon - Port Kelang Own Services ကို
အောက်တိုဘာလ ၂၀ ရက်တွင် စတင် ပြေးဆွဲခြင်းဖြစ်ကြောင်း၊ Myanmar Shipping Service သည် ၁၉၉၉ ခုနှစ် သြဂုတ်လ ၁၂ ရက်မှစ၍ Hanjin shipping ၏ အေးဂျင့်အနေဖြင့် စတင် ဆောင်ရွက်ခဲ့ကြောင်း၊ Hanjin Shipping Lineသည် ကိုရီးယားနိုင်ငံတွင်အကြီးဆ