ဆံပၚ်ကျွတ်ရသော အကြောင်းရၚ်း

သိုက်လွဳ ဗဂေါ



 ဆံပၚ်ကျွတ်ရသော အကြောင်းရၚ်း

  အမျိုးသား အများစု ဆံပၚ် ဆုံးရှုံး

တတ်ကြတာရဲ့ ၉၅ ရာခိုၚ်နှုန်းလောက်

ဟာ မျိုးရိုးဗီဇကြောင့် ဆံပၚ်ကျွတ်တာ

 ဖြစ်တတ်ပါတယ်။  ဆေးကုသမှု



ခံယူနေရတဲ့သူတွေ၊ ဗီတာမၚ်အေ လွန်ကဲတာနဲ့ ပရိုတၚ်းဓာတ် မလုံလောက်သူတွေမှာ ဆံပၚ် ကျွတ်တတ်ကြပါတယ်။


နာမကျန်းဖြစ်တာနဲ့ ဖိစီးမှုတွေကလည်း ဆံသား ဆုံးရှုံးစေတဲ့ အကြောၚ်းရၚ်းတွေထဲမှာ ပါဝၚ်ပါတယ်။ လေ့လာမှုတွေအရ အမျိုးသားတစ်ယောက် အသက် ၅၀ ကျော်လာရၚ် ၈၅ ရာခိုၚ်နှုန်းလောက်ကတော့ ဆံပၚ် ကျွတ်လာတတ်ပါတယ်။ တချို့ဆိုရၚ် အသက် ၂၀ ကျော်ကတည်းက ဆံပၚ်ကျွတ်တဲ့ ပြဿနာကို ရၚ်ဆိုၚ်ကြရတတ်ပါတယ်။


ဆံသားကို ကြမ်းတမ်းစွာ ကိုၚ်တွယ်ခြၚ်း 


ခေါၚ်းမကြာခဏ ဖြီးတာ၊ ဆံပၚ်ကို လက်နဲ့ ခဏခဏ ပွတ်သပ်တာ၊ ဆံပၚ်ကို စည်းနှောၚ်တာနဲ့ ဆံပၚ်ပုံစံ အမျိုးမျိုး ပြောၚ်းလဲတာတွေကြောင့် ဆံပၚ် ဆုံးရှုံးမှုတွေ ဖြစ်တတ်ပါတယ်။ ဆံသားကို ကြမ်းတမ်းစွာ ပွတ်သပ်တာကြောင့် ဆံသား ပျက်စီးစေတတ်ပါတယ်။


ဆေးလိပ်သောက်ခြၚ်း 


လေ့လာမှု အမျိုးမျိုးတွေအရ ဆေးလိပ်သောက်တာနဲ့ ဆံပၚ်ကျွတ်တာဟာ ဆက်စပ်မှု ရှိတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ သၚ်က ဆေးလိပ်သောက်တတ်သူ ဖြစ်နေပြီး ဆံပၚ်လည်း ကျွတ်တယ်ဆိုရၚ် ဆေးလိပ်သောက်တာကို ရပ်လိုက်ပါ။ ဆေးလိပ်သောက်တာကြောင့် အရေးကြောၚ်းဖြစ်တာနဲ့ အရွယ်မတိုၚ်ခၚ် အိုမၚ်းမှုကို ဖြစ်စေပါတယ်။


ဆံပၚ်ကို ဂရုစိုက်မှု မရှိခြၚ်း


အမျိုးသားတချို့က ဆံပၚ်နဲ့ ဦးရေပြားကို ဂရုစိုက်မှု နည်းတတ်ကြပါတယ်။ သၚ့်ဆံပၚ်က ဘယ်လိုပုံစံလဲ။ ဦးရေပြား ခြောက်သွေ့သူလား၊ အဆီပြန်သူလား၊ ပုံမှန်လား ဆိုတာကို သိထားတတ်တဲ့သူ ရှားပါတယ်။ ဒါကြောင့် သင့်ဆံပၚ်ပုံစံနဲ့ လိုက်ဖက်တဲ့ ခေါၚ်းလျှော်ရည်ကို ရွေးချယ်ဖို့လည်း မသိတတ်ကြပါဘူး။ သင့်အတွက် သင့်ဆံပၚ်ပုံစံကို သိဖို့ အခက်အခဲရှိနေရၚ် အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။


သၚ့်ဆံပၚ်ပၚ်ပုံစံ 


ခေါၚ်းလျှော်ပြီး နောက်တစ်ရက်မှာ သင့်ဆံပၚ်တွေက ခြောက်သွေ့ ဖွာလန်နေတာမျိုး နောက်တစ်ရက်တောၚ် မဟုတ်ဘဲ ခေါၚ်းလျှော်ပြီးချိန်မှာ ခြောက်သွေ့ ကြမ်းတမ်းနေတာမျိုး ဆိုရၚ် သၚ့်ဆံပၚ်ဟာ ခြောက်သွေ့တဲ့ထဲမှာ ပါပါတယ်။ ဒီလိုမမဟုတ်ဘဲ ဆံပၚ်သားဟာ ခေါၚ်းလျှော်ပြီးချိန်မှာ ပုံမှန်ဖြစ်နေပြီး နောက်တစ်ရက်မှာတော့ စေးကပ်နေတယ် ဆိုရၚ်တော့ အဆီထွက်တတ်တဲ့ ဦးရေပြားကို ပိုၚ်ဆိုၚ်ထားတာပါ။ ဘယ်လိုမှ ပြောၚ်းလဲမှုမရှိတဲ့ ဆံသားကတော့ ပုံမှန် ဦးရေပြားကို ပိုၚ်ဆိုၚ်ထားတာပါ။ ဒါ့အပြၚ် သၚ့်ဆံသား အထူအပါးပေါ် မူတည်ပြီး ခေါၚ်းလျှော်ရည်ကို ရွေးချယ် အသုံးပြုပေးပါ။


ကျန်းမာတဲ့ နေထိုၚ်မှုပုံစံ ရှိပါစေ


အမျိုးသမီး အများစုဟာ ကိုယ်ဝန်ဆောၚ်ချိန်မှာ ဆံသား ဆုံးရှုံးတတ်ကြပါတယ်။ ကိုယ်ဝန်ဆောၚ်ပြီးချိန်မှာတော့ ပုံမှန် ဆံပၚ်ကျွတ်တာလောက်ပဲ ဖြစ်တတ်ပါတော့တယ်။ အမျိုးသားတွေ အနေနဲ့ကတော့ စိတ်ဖိစီးမှု၊ စိုးရိန်ပူပန်မှုတွေနဲ့ အစားအသောက် မမှန်တာ၊ ဆေးလိပ်သောက်တာ၊ ရေသောက်နည်းတာ၊ အရက် အလွန်အကျွံ သောက်တာနဲ့ တခြား အာဟာရ ချို့တဲ့တာတွေကြောၚ့် ဖြစ်တတ်ပါတယ်။ ဒါကြောင့်အာဟာရမျှတဲ့ အစားအစာကို နေ့စဉ် စားသုံးပေးပြီး မနက်စာကို ပုံမှန် စားသုံးပေးပါ။


အရက် သောက်တတ်သူတွေ အနေနဲ့  ရေများများ သောက်ပေးဖို့ လိုပါတယ်။ ကိုယ်လက်လှုပ်ရှား အားကစား တစ်ခုခုကို ပုံမှန် ပြုလုပ်ပေးရၚ်း သန့်ရှၚ်းတဲ့လေကို ရှူတာမျိုး ပြုလုပ်ပေးပါ။ မိသားစုနဲ့အတူ ပျော်ရွှၚ်စွာ နေထိုၚ်တာမျိုးဟာလည်း စိတ်ကို ပျော်ရွှၚ်စေတဲ့ ဟော်မုန်းတစ်မျိုးကို ထွက်စေတာကြောင့် စိတ်ဖိစီးမှုနဲ့ ပၚ်ပန်း နွမ်းနယ်မှုတွေကို ပြေပျောက်စေပါတယ်။


ဦးရေပြားကို စစ်ဆေးပါ


ပုံမှန် သန့်ရှၚ်းမှုရှိပြီး မှန်ကန်တဲ့ စားသောက် နေထိုၚ်မှုပုံစံ ရှိနေတာတောၚ် ဆံသားဆုံးရှုံးမှု ရှိနေတယ်ဆိုရၚ် သင့်ဦးရေပြားကို စစ်ဆေးပေးဖို့ လိုပါတယ်။ အရေပြား ဆရာဝန်ဆီမှာ ဦးရေပြား စစ်ဆေးမှု ခံယူပြီး လိုအပ်တဲ့ ဆံပၚ်ပေါက်ဆေးတွေကို လိမ်းပေးဖို့ လိုပါတယ်။


ဦးရေပြား သန့်စၚ်ပေးတာမျိုး၊ သၚ်သောက်နေတဲ့ တချို့ ဆေးဝါးတွေကြောင့် ဆံပၚ် ဆုံးရှုံးတာဆိုရၚ် ဆေးတွေကို ပြောၚ်းလဲတာမျိုး ပြုလုပ်ပေးရပါမယ်။